၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ပြန်လည်ရေးဆွဲပါက သဘောတူဟု ပြည်ခိုင်ဖြိုးအမတ်ပြော

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန် လည်ရေးဆွဲမည်ဆိုပါက သ ဘောတူကြောင်း ပြည်ခိုင်ဖြိုးပါတီ မှ ကချင်ပြည်နယ် မချမ်းဘော မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးနန်မွန်ထင်က ပြောသည်။

ဒီဇင်ဘာ ၉ ရက်တွင် ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)ကိုယ်စား လှယ်ဦးစိုင်းသန်းနိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးတင်ပြထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအ ကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်း နှင့် စပ်လျဉ်းပြီး ဆွေးနွေးရာတွင် ဦးနန်မွန်ထင်က ယင်းသို့ပြော ကြားခြင်းဖြစ်သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲမလား၊ သို့မဟုတ် တစ်ခုပြီးတစ်ခု ဥပဒေ ပြဋ္ဌာန်းချက်နဲ့အညီ ပြင်မလား၊ နည်းလမ်းနှစ်မျိုးရှိပါတယ်။ ကျွန် တော့်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီမိုကရေစီစံ ချိန်စံညွှန်းနဲ့ကိုက်ညီတယ်လို့ ကျွန်တော်မဆိုလိုပါဘူး၊ မြန်မာ နိုင်ငံရဲ့ အခြေအနေအရ ရေးဆွဲ ထားတဲ့ဥပဒေဖြစ်တယ်လို့ ကျွန် တော်ယူဆမိပါတယ်။ ကျွန်တော့် အနေနဲ့ အသစ်ပြန်ရေးဆွဲမယ်ဆို လည်း သဘောတူပါတယ်။ ပြင် ဆင်မယ်ဆိုရင်လည်း သဘောတူ ပါတယ်’’ ဟု ၎င်းကပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံကို အသစ် ပြန်လည်ရေးဆွဲမည်ဆိုပါက သ ဘောတူသည်ဟု ပြည်ခိုင်ဖြိုးပါတီ ဝင်အမတ်တစ်ဦးက ထုတ်ဖော် ပြောဆိုခြင်းသည် ပထမဆုံးအ ကြိမ်ဖြစ်သည်ဟု စောင့်ကြည့် လေ့လာသူများက ဆိုသည်။

ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး ပူးပေါင်းကော်မတီ လုပ် ငန်းဆောင်ရွက်မှုများကို လေ့လာ သည့်အခါ ပြင်ဆင်ရန် ၃,၇၆၅ ချက်ရှိသည်ကို တွေ့ရသော ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို အသစ်ရေးဆွဲသည့်နည်း လမ်းသက်ရောက်သည်ဟု ယူ ဆမိကြောင်း ဦးနန်မွန်ထင်က ပြောသည်။

‘‘အသစ်ပြန်လည်ရေးဆွဲ မယ်ဆိုရင် မူကြမ်းရှင်းလင်းပွဲ ဆန္ဒခံယူပွဲပြုလုပ်ပြီးမှ အတည်ပြု သင့်တယ်လို့ သုံးသပ်မိပါတယ်’’ ဟု ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးနန်မွန်ထင်က ပြော သည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် တစ်နိုင်ငံလုံးနှင့်ဆိုင် သည့်အမြင့်ဆုံးပင်မဥပဒေဖြစ် သောကြောင့် ကိုယ်ပိုင်ပစ္စည်းကဲ့ သို့ မသုံးသင့်ကြောင်း ၎င်းက လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

‘‘ယခုပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်ကို ပြည်သူ လူထုကို ချပြရှင်းလင်းခြင်းပြုသင့် တယ်လို့ အကြံပြုပါတယ်။ ဒီလို မှမဟုတ်ဘဲ မဲအနည်း၊ အများနဲ့ လွှတ်တော်မှာ အတည်ပြုလိုက် ရင် နောင်အခါမှာ တိုင်းပြည်အ တွက် အန္တရာယ်ဖြစ်နိုင်တယ်လို့ သုံးသပ်မိပါတယ်’’ ဟု ဦးနန်မွန် ထင်က ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရာတွင် တပ်မ တော်သားကိုယ်စားလှယ်အစုအ ဖွဲ့မထောက်ခံပါက လုံးဝပြင်မရ ဘဲ ကမ္ဘာပေါ်တွင် ပြင်ဆင်ရန်အ ခက်ခဲဆုံးဖြစ်နေပြီး အဟန့်အ တားပေါင်းစုံ၊ စိန်ခေါ်မှုပေါင်းစုံ ကြုံတွေ့နေရကြောင်း ဒီချုပ်ပါတီ မှ မကွေးတိုင်းဒေသကြီးစေတုတ္တ ရာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးကျော်အောင် လွင်က ဆွေးနွေးသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄၀၊ ၁၄၂ အရ တစ်နိုင်ငံ လုံး၊ ပြည်သူတစ်ရပ်လုံး မဲပေးပြီး ရွေးချယ်ထားတဲ့ ပါတီအစုအဖွဲ့ အားလုံးက လွှတ်တော်ကိုယ်စား လှယ်အားလုံး ထောက်ခံရင် တောင် တပ်မတော်အစုအဖွဲ့က မထောက်ခံရင် ဖွဲ့စည်းပုံပြင်ဆင် ဖို့ကိစ္စဟာ လုံးဝပြင်လို့မရတဲ့ ကမ္ဘာပေါ်မှာ ပြင်ဖို့အခက်ဆုံး၊ အ ခက်အခဲ၊ အကျပ်အတည်း၊ အ ဟန့်အတားပေါင်းစုံနဲ့ စိန်ခေါ်မှု ပေါင်းစုံကြုံတွေ့တာ မဆန်းပါ ဘူး’’ ဟု ဦးကျော်အောင်လွင်က ပြောသည်။

ထို့အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရာတွင် တစ်စု၊ တစ်ဖွဲ့အသာရရှိရေးအတွက် ငြင်းခုံရန်ဖြစ်ရမည့်အချိန်မဟုတ် တော့ဘဲ အနာဂတ်ဒီမိုကရေစီ နိုင်ငံတော်ကြီးနှင့် မျိုးဆက်ရင် သွေးငယ်များအတွက် အေးချမ်း သာယာသည့် အနာဂတ်တစ်ခု ပုံဖော်ရမည့် အချိန်ဖြစ်ကြောင်း ၎င်းကပြောသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ဟာ နိုင်ငံရဲ့အသက်သွေးကြော၊ အမှားအယွင်းအတိမ်းအစောင်း မခံတဲ့ မူလဥပဒေကြီးဖြစ်လို့ နိုင်ငံ သားတွေအတွက် ဦးတည်ပြီး ရေး ဆွဲရမှာပါ။ လူတစ်စု၊လူတစ်ဖွဲ့က ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံ စားကာ အသာစီးယူရေးဆွဲအပ် တဲ့ ဥပဒေမဟုတ်ကြောင်း ပြော ဆိုရင်း နိဂုံးချုပ်ပါတယ်’’ ဟု ဦး ကျော်အောင်လွင်က ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ဦးကျော်အောင်လွင်ပြောဆို ချက်နှင့်စပ်လျဉ်းပြီး တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးက လူတစ်စု၊ တစ်ဖွဲ့ အသာစီးရယူဆိုသည့်စကားရပ် များကို စည်းကမ်းနှင့်မညီညွတ် သောကြောင့် လွှတ်တော်မှတ် တမ်းမှ ပယ်ဖျက်ပေးရန် တောင်း ဆိုသည်။ ယင်းသို့ တောင်းဆိုချက် ကို ပြန်လည်စိစစ်ကာ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်နာယက ဦး တီခွန်မြတ်က ပြောသည်။

တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဗိုလ် မှူးကြီးသန့်ဇင်က အခြေခံဥပဒေ ပါ ပုဒ်မတစ်ခုခုကို ပြင်ဆင်ရန် ၇၅ ရာခိုင်နှုန်းအထက် ထောက် ခံမှသာ ပြင်ဆင်နိုင်မည်ဖြစ်၍ တပ်မတော်သား ၂၅ ရာခိုင်နှုန်း က ပုဒ်မတစ်ခုကို ပြင်ဆင်ခြင်း မပြုနိုင်ရန် ကာကွယ်တားဆီးနေ သဖွယ် ပြည်သူတစ်ရပ်လုံးထင် မြင်လာအောင် အချို့သောသူများ က ကာလရှည်ကြာစွာနည်းလမ်း ပေါင်းစုံဖြင့် ဝါဒဖြန့်ခဲ့ကြောင်း ပြောဆိုသည်။

‘‘ယနေ့အချိန်မှာ တပ်မ တော်သားများက နိုင်ငံတော်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပီပြင်စေရန်အတွက် အထောက် အကူပြုရေး၊ ပြင်ဆင်ရန်လိုအပ် တဲ့ပုဒ်မများကို စတင်အဆိုပြုလာ ရာ လွှတ်တော်အတွင်း အမျိုး သားနိုင်ငံရေး ဆောင်ရွက်မှုများ ကို သိမြင်လာနိုင်ကြမှာဖြစ်ပါ တယ်’’ ဟု ဗိုလ်မှူးကြီးသန့်ဇင်က လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဆွေးနွေးခဲ့သည့် တပ်မတော်သားကိုယ်စားလှယ် များအနေဖြင့် အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ နှင့်သက်ဆိုင်သည့် ဥပဒေပြင်ဆင် ရေးသာ အဓိကထားဆွေးနွေး ခဲ့သည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ အရ ဖွဲ့စည်းထားတဲ့ ကာလုံဘယ်လိုဖွဲ့စည်းထား တယ်၊ ဘယ်သူတွေက မဲအသာ စီးရယူထားတယ်ဆိုတာလည်း အားလုံးသိပြီးသားပါ’’ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦး ကျော်အောင်လွင်က လွှတ်တော် အစည်းအဝေးတွင် ပြောသည်။

ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ကိုယ်စားလှယ် ၁၅ ဦးက ဦးစိုင်းသန်းနိုင်နှင့် လွှတ် တော်ကိုယ်စားလှယ် ၁၄၅ ဦး တင်ပြထားသည့် ဖွဲ့စည်းပုံပြင် ဆင်ရေးဥပဒေကြမ်းနှင့်ပတ်သက် ပြီး ဆွေးနွေးခဲ့သည်။ ဆွေးနွေးရန် ကျန်ရှိသေးသည့် လွှတ်တော် ကိုယ်စားလှယ်များသည် ဒီဇင် ဘာ ၁၁ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း လွှတ်တော် နာယကဦးတီခွန်မြတ်က ကြေ ညာသည်။

Tuesday, December 10, 2019