ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီမှာ အဖွဲ့ဝင် ၄ဝသာ ကျန်ရှိ

{Kumudra မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

အဖွဲ့ဝင်    ၄၅    ဦးနဲ့ ဖွဲ့စည်းထားတဲ့       ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော် မတီ ဟာ     အခုဆိုရင်     အဖွဲ့ဝင်အချို့    နုတ်ထွက်သွားကြတဲ့အတွက်     ၁၀    လ ခန့်အကြာမှာ     အဖွဲ့ဝင်ဦးရေ    ၄၀    သာ    ကျန်ရှိပါတော့တယ်။

ဒီချုပ်အမတ်     ဦးအောင်ကြည် ညွန့်က     ၂ဝဝ၈    ဖွဲ့စည်းပုံအခြေခံ ဥပဒေကို     ပြင်ဆင်ဖို့     ကော်မတီ တစ်ခု ဖွဲ့စည်းရေးအဆိုကို    ပြည်ထောင်စု လွှတ်တော်ကို    တင်သွင်း ခဲ့ပြီး     သည် အဆိုကို     လွှတ်တော်က    အတည်ပြုခဲ့ တာကြောင့်     ဖေဖော် ဝါရီလ    ၁၉    မှာ    ပြည်ထောင်စုလွှတ် တော်ကနေ     ကော် မတီကို  ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါ တယ်။

ကော်မတီရဲ့အဖွဲ့ဝင်ထဲမှာ    အင်န် အယ်လ်ဒီပါတီ     ကိုယ်စား လှယ်  ၁၈     ဦး၊     တပ်မတော်သား    လွှတ်တော်ကိုယ်စား လှယ်    ရှစ်ဦး၊    ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ    ကိုယ်စားလှယ်    နှစ်ဦး၊     ရခိုင်အမျိုး သားပါတီကိုယ်စားလှယ်    နှစ်ဦး၊    ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ် ပါတီကိုယ်စားလှယ်    နှစ်ဦးနဲ့    ကျန် ပါတီတွေက    ကိုယ်စားလှယ်    တစ် ဦးစီ    ပါဝင်ထားပါတယ်။

အဖွဲ့ဝင်    ၄၅    ဦးနဲ့ဖွဲ့စည်းခဲ့တဲ့ ပူးပေါင်းကော်မတီမှာ    ရခိုင်အမျိုးသားပါတီဝင်နှစ် ဦး နဲ      ့  အမျိုးသား ညီ ညွတ်သောဒီမိုကရက်တစ်ပါတီ ဝင်    တစ်ဦးတို့က     စက်တင်ဘာလ မှာ    အသီးသီး    နုတ်ထွက်ခဲ့ပါတယ်။    ဒီဇင် ဘာလ     ၁၆    ရက်နေ့မှာ    ကြံ့ခိုင် ရေးပါတီ အဖွဲ့ဝင်နှစ်ဦး    နုတ်ထွက်သွားတဲ့အ တွက်     နုတ်ထွက်သူဦး ရေ     စုစုပေါင်း     ငါးဦးဖြစ်လို့     ကော် မတီမှာ     ၄၀    ဦးသာ    ကျန်ရှိပါတော့ တယ်။

တပ်မတော်သား  လွှတ်တော် ကိုယ်စားလှယ်    ဒုတိယဗိုလ်မှူး ကြီး     မျိုးထက်ဝင်းကတော့     အခုလို နုတ် ထွက်တာတွေကြောင့်    ကော်မတီအ တွင်း    မဲခွဲရာမှာ     မညီမျှမှု တွေ    ပေါ် ပေါက်နေပြီး    အင်န်အယ်လ်ဒီက    ပြင် ဆင်ဖို့  တင်ပြထား တဲ့အချက်တွေကို သာ     ဦးတည်ဆုံးဖြတ်သလိုဖြစ်နေ တယ်လို့     ပြောဆို ပါတယ်။

ဒါပေမဲ့ လည်း     တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်တွေအနေနဲ့ကတော့    လက်ရှိအချိန်အထိ      ပူးပေါင်းဆောင် ရွက် နေပြီး    ဒါဟာလည်း     တပ်   ကိုယ် စားလှယ်တွေရဲ့ရပ်တည်ချက်ဖြစ် တယ်လို့     ဆိုပါတယ်။

ပူးပေါင်းကော်မတီက    နုတ် ထွက် သူ     ကြံ့ခိုင်ရေးပါတီကိုယ်စား လှယ်    ဦးဆီဟူးဒွေ့က    “အခုလက် ရှိ     ကြုံတွေ့ နေရတဲ့  အနေအထား အရဆိုရင်    ပူး ပေါင်းကော်မတီက    ထွက်လာမယ့်အစီ ရင်ခံစာက    ပူး ပေါင်းကော်မတီဝင်အား လုံးရဲ့ဆန္ဒ မဟုတ်ဘူးဆိုတာကို     ကျွန် တော် တို့သိရတဲ့အတွက်ကြောင့်    နုတ် ထွက်တာ  ဖြစ်ပါတယ်”လို့     ပြောပါ တယ်။

အရင်နုတ်ထွက်ခဲ့တဲ့  အဖွဲ့ဝင် အချို့ကတော့     ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီရဲ့ဆောင်ရွက်ချက် တွေဟာ   မဲများရာနိုင်တဲ့ စနစ်နဲ့လုပ် ဆောင်နေတယ်လို့    ဝေဖန်ပြောဆို ထားပါတယ်။

ကော်မတီအဖွဲ့ဝင်ကနေ    နုတ် ထွက်သွားတဲ့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိန်ဝင်းက     “မဲစနစ် တောင်မှ    လျှို့ဝှက်မဲစနစ်နဲ့ သွားပါလို့     အန်ကယ်က    တောင်း ပန်တာတောင်    လျှို့ဝှက်မဲစနစ် တောင်     မကျင့်သုံးနိုင် ဘူးဆိုတော့    ဒါက    သူတို့ဆွဲတဲ့အတိုင်း    သူတို့ ပြင်တဲ့အတိုင်းပဲဖြစ်လာမှာပေါ့” လို့    နုတ်ထွက်စဉ်က    မီဒီယာတွေကို ပြောဆိုထားပါတယ်။

လက်ရှိမှာ    ကော်မတီအနေနဲ့ ပုဒ်မ ပေါင်း    ၄ဝဝ    နီးပါးအထိ    ဆွေး နွေးပြီး စီးပြီဖြစ်ပြီး အခန်း (၉)   အထိပင်    ရောက် ရှိနေပြီလို့    သိရပါတယ်။    ကော်မတီဝင်   ဒီချုပ်အမတ်    ဦး အောင်ကြည်ညွန့် ကတော့    ပြင် ဆင်ရေးလုပ်ငန်းစဉ်တွေ ဟာ    လာမယ့်ဇန်နဝါရီလအတွင်းမှာ    ပြီးစီး မယ်လို့     ပြောဆိုထားပါတယ်။

ပြည်ထောင်စုလွှတ်တော်နာယ က     ဦးတီခွန်မြတ်ကလည်း    ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကို     လက်ရှိအစိုးရသက် တမ်းအတွင်းမှာ     ပြီးစီး အောင်     ဆောင် ရွက်သွားမယ်လို့     အသိပေးပြောကြား ထားပါတယ်။

ဦးတီခွန်မြတ်က    “ဒီကိစ္စကို     အ ရင် ဆုံး   စတင်ကတည်းက    ဒီသက် တမ်း အတွင်း     ဆောင်ရွက်နိုင်မယ့် လုပ်ငန်း တာဝန်တစ်ခုအနေနဲ့စဉ်းစားလက်ခံ ပြီး    လွှတ်တော်သို့    တင် ပြဆောင်ရွက်ခဲ့ တာဖြစ်ပါတယ်၊    ပထမသက်တမ်းမှာ     ဆောင်ရွက်ခဲ့ မှုအရ    မည်သည့်ဥပဒေ ကြမ်းတစ် ခုကိုမှ     နောက်သက်တမ်း ကို    ဆက်ပြီး    လွှဲယူသွားတဲ့အစဉ်အ လာမရှိတဲ့အတွက်    အခုလိုဖွဲ့စည်း ပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ် ငန်းကို    လက်ရှိသက်တမ်းမှာပဲ  ပြီးစီးအောင်    ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါ တယ်”လို့    ပြောပါ တယ်။

သက်ဆိုင်ရာပူးပေါင်းကော် မတီ ကို    ဖွဲ့စည်းတာဝန်ပေးအပ်စဉ်က တည်းက     သည်အခြေအနေတွေပါရှိ ပြီးဖြစ်သလို     ကော်မတီအတွင်း    ဆောင်ရွက်မှုအခြေအနေကို ချပြဖို့ဆို တာကတော့     သက်ဆိုင် ရာဥပဒေ၊    နည်းဥပဒေနဲ့အညီ   ဆောင်ရွက်ကြရ မှာဖြစ်တယ်လို့    ပြောပါတယ်။

အဖွဲ့ဝင်  ၄၅    ဦးနဲ့ဖွဲ့စည်းထား တဲ့   ဖွဲ့ စည်းပုံအခြေခံဥပဒေ    (၂ဝဝ၈    ခုနှစ်) ပြင်ဆင်ရေး  ပူးပေါင်း   ကော်မတီရဲ့ သက်တမ်းကတော့    ဖွဲ့စည်း ပုံပြင်ဆင် ရေးဥပဒေမူကြမ်းကို    လွှတ်တော်ကို    တင်သွင်းပြီးတဲ့အ ထိဖြစ်ပါတယ်။

Thursday, December 19, 2019