ကျွန်းလှမြို့ မဲဆန္ဒနယ် အမှတ်(၂) ကိုယ်စားလှယ် ဦးလှဖြိုး ကွယ်လွန်

{The Voice မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဖြိုး သည် ဒီဇင်ဘာလ ၂၃ ရက်နေ့  ယနေ့ နံနက်ပိုင်းက ကွယ်လွန်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံးမှ သိရသည်။
“ ဘယ်လိုရောဂါနဲ့ ကွယ်လွန်လဲတော့ မသိဘူးဗျ။မန္တလေးဆေးရုံကြီးမှာ ဆုံးတယ်လို့ပဲ ကျွန်တော်တို့ သိရတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်း က ပြောသည်။
ဦးလှဖြိုး သည် ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ကျွန်းလှမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ် မဲဆန္ဒနယ် အမှတ်(၂) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စာလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲရလဒ် ၁၈၂၉၁ မဲ (၇၆ဒသမ ၅၄) ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စာလှယ်အဖြစ် တာ၀န်ထမ်းဆောင်နေသူ ဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက်(၅၇)နှစ် အရွယ် ရှိနေပြီ ဖြစ်သည့် ဦးလှဖြိုး မှာ တိုင်းဒေသကြီးလွှတ်တော်တွင် စိုက်ပျိုးရေး မွေးမြူရေး သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ တွင် အဖွဲ့၀င် အဖြစ် လည်ကောင်း စီးပွားရေး ကူးသန်းရောင်း၀ယ်ရေးနှင့်စည်ပင်သာယာရေးဆိုင်ရာကော်မတီ တွင်လည်း အဖွဲ့၀င်အဖြစ် လည်ကောင်း ဆောင်ရွက်နေသူဖြစ်သည်။
စစ်ကိုင်း တိုင်းဒေသကြီး လွတ်တော်တွင် ၂၀၁၇ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က တမူးမြို့ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထန်ခိုဟောက် သည် ကွယ်လွန်ခဲ့ပြီး နောက်   ဟုမ္မလင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့် မှာ ၂၀၁၈ ခုနှစ် နို၀င်ဘာလ ၃၀ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
Monday, December 23, 2019