ဒီချုပ်ဦးဆောင်၍ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းနှစ်ခုကို ဇန်နဝါရီ ၂၇ ရက်တွင် တင်သွင်းမည်ဟုဆို

{7Day News Journal မှာ ဖော်ပြထားသည်များကို ပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။ မူရင်းသတင်းစာမျက်နှာသို့ သွားရောက်ကြည့်ရှုလိုပါက ဒီနေရာကို ကလစ်ပေးပါ။}

အခြေခံဥပဒေပြင်ဆင် ရေး ပူးပေါင်းကော်မတီသည် လာမည့် (၁၅)ကြိမ်မြောက် လွှတ် တော်ပုံမှန်အစည်းအဝေး စတင် ချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်း နှစ်ခု တင်သွင်းမည်ဟု ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ် ဉာဏစိုးက ပြောသည်။

အထက်ပါ ပူးပေါင်းကော်မတီသည် ဇန်နဝါရီ ၁၃ ရက်တွင် ၎င်းတို့၏ ကော်မတီအစည်းအ ဝေး ပြန်လည်စတင်မည်ဖြစ်ပြီး အချက် ၃,၇၆၅ ချက်အနက် ဆန္ဒ ပြုမဲခွဲရန် ၃၆ ချက်သာ ကျန်ရှိကြောင်း ဒေါက်တာမြတ်ဉာဏစိုး ကဆိုသည်။

‘‘လာမယ့် ၂၇ ရက် စမယ့် (၁၅)ကြိမ်မြောက် အစည်းအဝေး မှာ မူကြမ်းကို တန်းတင်မယ်။ ဥပဒေမူကြမ်းကို တိုက်ရိုက်တင် မှာပါ။ ဥပဒေမူကြမ်းနှစ်ရပ်ဖြစ် လာလိမ့်မယ်’’ဟု အထက်ပါ ပူးပေါင်းကော်မတီ အတွင်းရေးမှူးက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၄၃၆ (က)နှင့် (ခ) တွင် ပြင်ဆင်ရမည့် နည်းလမ်း နှစ်ခုရှိသဖြင့် အဆိုပါ ပြဋ္ဌာန်း ချက်အတိုင်း ပူးပေါင်းကော်မတီ က ၄၃၆ (က)နှင့် သက်ဆိုင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို ဥပဒေမူကြမ်း တစ်ခု၊ ၄၃၆ (ခ)နှင့် သက်ဆိုင် သည့် ပုဒ်မ၊ ပုဒ်မခွဲများကို ဥပဒေ မူကြမ်းတစ်ခု စုစုပေါင်း မူကြမ်း နှစ်ခု တင်သွင်းမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ပုဒ်မ ၄၃၆ (က)တွင် ဖော်ပြ ထားသော ပုဒ်မ ၉၅ ခုကို ပြင်ဆင် လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူ ပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံ ယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဖြစ် သည်။

ပုဒ်မ ၄၃၆ (ခ)၌ ပုဒ်မ ၄၃၆ (က)တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်များမှအပ အခြား ပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်ရ မည်ဟု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ ပြဋ္ဌာန်းထားသည်။

အထက်ပါ ဥပဒေမူကြမ်းနှစ် ခုကို ပူးပေါင်းကော်မတီဝင်များ အပါအဝင် လွှတ်တော်အတွင်းရှိ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းက လက်မှတ်ရေးထိုး တင်သွင်းမည် ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာ ဏစိုးက ပြောသည်။

ထို့အပြင် အခြေခံဥပဒေပြင် ဆင်ရေး မူကြမ်းရေးဆွဲရာတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌများထံ သဘောထားစုစည်းချက်များ တောင်းခံပြီး ရရှိလာသော သဘောထားများကို ဆန္ဒပြုမဲခွဲခဲ့ ကြောင်းနှင့် ထပ်တူညီခြင်း၊ ကွဲ လွဲခြင်း၊ အသစ်ပေါ်ပေါက်လာ ခြင်းတို့ ဖြစ်ပေါ်လာကြောင်း ပူး ပေါင်းကော်မတီ အတွင်းရေးမှူး က ရှင်းပြသည်။

သို့သော် အခြေခံဥပဒေပြင် ဆင်ရေး ပူးပေါင်းကော်မတီ၏ ဆန္ဒပြုမဲခွဲခြင်းလုပ်ငန်းစဉ်အပေါ် တပ်မတော်နှင့် ပြည်ခိုင်ဖြိုးပါတီ က ကန့်ကွက်ထားပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တင် ပြချက်များသာ အတည်ဖြစ်နေ သည်ဟု ဝေဖန်ထားသည်။ ပူး ပေါင်းကော်မတီအတွင်း ဆောင် ရွက်ချက်များကို တပ်မတော်က အကြိမ်ကြိမ် ကန့်ကွက်ထားပြီး ပြည်ခိုင်ဖြိုးက ကော်မတီမှ နုတ် ထွက်ခဲ့သည်။

ပြည်ခိုင်ဖြိုးကိုယ်စားလှယ် နှစ်ဦး နုတ်ထွက်ခြင်းမပြုမီ အမျိုး သားညီညွတ်သော ဒီမိုကရက် တစ်ပါတီမှ ဦးစိန်ဝင်းနှင့် ရခိုင် အမျိုးသားပါတီမှ ကိုယ်စားလှယ် နှစ်ဦး နုတ်ထွက်ထား၍ ပူးပေါင်း ကော်မတီတွင် စုစုပေါင်း နုတ်ထွက်သူ ငါးဦးရှိသည်။ ပူးပေါင်းကော်မတီကို ၄၅ ဦးဖြင့် စတင်ဖွဲ့စည်းသော်လည်း လက်ရှိတွင် ၄၀ ဦးသာ ကျန်ရှိသည်။

ဒီချုပ်ဦးဆောင်သည့် ပြင် ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးနောက် ပြည်ခိုင်ဖြိုးပါတီက အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းသုံးခုနှင့် တပ်မတော်က မူကြမ်းနှစ်ခုကို အခြေခံဥပဒေ အခန်း (၁၂)ပါ ပြဋ္ဌာန်းချက်အ တိုင်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။

အဆိုပါ ဥပဒေမူကြမ်းငါးခု ၏ ပထမမူကြမ်းနှစ်ခုကို အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော် မတီ၏ လုပ်ငန်းစဉ်အောက်တွင်ထည့်သွင်းရန် လွှတ်တော်က ဆုံးဖြတ်ပြီး ကျန်သုံးခုကို ပူးပေါင်းကော်မတီက ဥပဒေမူကြမ်း တင်သွင်းချိန်တွင် သီးခြားစီ၊ တစ်ပြိုင်တည်း၊ ယှဉ်တွဲလျက် ပြင်ဆင်သည့် ဥပဒေမူကြမ်းအဖြစ် တင်သွင်းရန် ဆုံးဖြတ်ခဲ့သည်။

Monday, January 6, 2020