သင်ကိုယ်တိုင် ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ထဲမှာ မေးခွန်းဘယ်နှစ်ခု မေးမြန်းပြီးသွားပြီလဲ သိလိုပါသလား။ ဘယ်လိုအကြောင်းအရာတွေ မေးမြန်းထားပြီလဲ သိလိုပါသလား။

“လွှတ်တော်မေးခွန်းများ” ကဏ္ဍကို စမ်းသပ်အဆင့် (Beta version) အဖြစ် ပွင့်လင်းလွှတ်တော်မှာ စတင်ထည့်သွင်းလိုက်ပြီဖြစ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ဘာအကြောင်းအရာတွေကို မေးမြန်းဆွေးနွေးလို့ ဘယ်အစိုးရဌာန၊ တာဝန်ရှိသူတွေက ဘယ်လိုအကြောင်းအရာတွေ ပြန်လည်ဖြေကြားပြီးပြီလဲ ဆိုတာကို လေ့လာသိရှိ ရှာဖွေ နိုင်ပါပြီ။

ယခုလက်ရှိတွင် “ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး” မှ “ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး” အထိ မေးမြန်းခဲ့သော လွှတ်တော်မေးခွန်းများနှင့် အဖြေများကို ဖတ်ရှုရှာဖွေနိုင်ပါမည်။

အဆိုပါ မေးခွန်းနှင့် အဖြေများကို ပြည်သူ့လွှတ်တော် website ၏ https://pyithu.hluttaw.mm/acnnyaewmaa စာမျက်နှာတွင် ထုတ်ပြန်ထားသော သတင်းအချက်အလက်များကို ရယူပြီး ပြန်လည် တင်ပြထားခြင်းဖြစ်ပါသည်။ ယခု ပွင့်လင်းလွှတ်တော်တွင် ဖော်ပြထားသော မေးခွန်း အဖြေများပါ သတင်းအချက်အလက်များအား သုတေသန၊ သတင်းရေသားဖော်ပြမှု စသည့် ထုတ်ပြန်ချက်များအတွက် ကိုးကားလိုပါက ပြည်သူ့လွှတ်တော် ဝက်ဆိုက်ရှိ သက်ဆိုင်ရာ မေးခွန်း အဖြေ စာမျက်နှာပါ မူရင်း အချက်အလက် များကိုသာ ကိုးကားရန် အသိပေးအပ်ပါသည်။

စမ်းသပ်ဆဲ ကာလဖြစ်သည့်အတွက်ကြောင့် လွှတ်တော်အရပ်ရပ်၊ လွှတ်တော် ပုံမှန်အစည်းအဝေး နှင့် မေးမြန်းထားပြီးသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများ အားလုံး ပါဝင်သေးမည် မဟုတ်ပါကြောင်း၊ အချက်အလက်ချိတ်ဆက်မှု၊ အသုံးပြုရာတွင် အဆင်ပြေလွယ်ကူမှု၊ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေမည်ဖြစ်ကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်။

Searching ...